{"product_id":"mh50929-2025-new-oil-press-machine","title":"MH50929 2025 New Oil Press Machine","description":"\u003cp\u003e\u003cspan data-type=\"text\"\u003e\u003cspan data-type=\"leaf\"\u003eProduct Information  \u003cbr\u003eမော်တာစွမ်းအား -820W High Power\u003cbr\u003eကုန်ကြမ်းပစ္စည်း - Food Grade Materials \u003cbr\u003eကုန်ထုတ်လုပ်မှုစွမ်းအား - တစ်နာရီလျှင် ၄ မှ ၆ ကီလိုဂရမ်အထိ (4-6 kg\/h) လျင်မြန်စွာ ညှစ်ထုတ်ပေးနိုင်ပါသည်။\u003cbr\u003eဆီညှစ်စနစ်  စနစ် ၂ မျိုးစလုံး သုံးနိုင်သည် -\u003cbr\u003e Cold Press (အအေးညှစ်စနစ်)\u003cbr\u003e Hot Press (အပူပေးညှစ်စနစ်)\u003cbr\u003eဂီယာစနစ်  4-Stage All-Steel Gear\u003cbr\u003eအသုံးပြုနိုင်သော ကုန်ကြမ်းများ မြေပဲ၊ နှမ်း၊ နေကြာစေ့ အပါအဝင် ကုန်ကြမ်းအမျိုးအစားပေါင်း (၃၀) ကျော်ကို ဆီညှစ်နိုင်ပါသည်။ \u003c\/span\u003e\u003c\/span\u003e\u003c\/p\u003e\n\u003cp\u003e⚙ အသုံးပြုပုံ အဆင့်ဆင့် \u003cbr\u003eအဆင့် (၁) ပြင်ဆင်ခြင်း\u003c\/p\u003e\n\u003cp\u003eစက်ကို ညီညာတဲ့ မျက်နှာပြင်ပေါ်မှာ ထားပါ။\u003c\/p\u003e\n\u003cp\u003eကြိတ်မယ့် အစေ့အဆန်တွေ (ဥပမာ - မြေပဲ၊ နှမ်း) ကို ဖုန်၊ သဲ၊ ခဲတွေ စင်ကြယ်အောင် အရင်ရွေးချယ် သန့်စင်ထားပါ။ အစေ့တွေက စိုမနေဘဲ သေချာခြောက်သွေ့နေဖို့ လိုပါတယ်။\u003c\/p\u003e\n\u003cp\u003eအဆင့် (၂) စက်ကို အပူပေးခြင်း \u003c\/p\u003e\n\u003cp\u003eစက်ခလုတ်ကို ဖွင့်ပြီး Heating (အပူပေး) ခလုတ်ကို အရင်နှိပ်ပါ။ စက်ထဲက ကြိတ်မယ့်ဝင်ရိုး ပူလာအောင် (၅) မိနစ်ကနေ (၁၀) မိနစ်ခန့်အထိ စောင့်ပေးရပါမယ်။ (ဒါမှ ဆီထွက်နှုန်း ပိုကောင်းပြီး အကြွင်းအကျန်ဖတ်တွေ ပိတ်မနေမှာ ဖြစ်ပါတယ်)။\u003c\/p\u003e\n\u003cp\u003eအဆင့် (၃) အစေ့အဆန်များ ထည့်ခြင်း\u003c\/p\u003e\n\u003cp\u003eစက်အပေါ်က ကန်တော့ကန် (Hopper) ထဲကို ပြင်ဆင်ထားတဲ့ မြေပဲ ဒါမှမဟုတ် နှမ်းတွေကို လောင်းထည့်ပါ။\u003c\/p\u003e\n\u003cp\u003eအဆင့် (၄) ကြိတ်ခွဲခြင်း\u003c\/p\u003e\n\u003cp\u003eStart\/Press (စတင်ကြိတ်ခွဲခြင်း) ခလုတ်ကို နှိပ်ပါ။ စက်က အစေ့တွေကို အလိုအလျောက် ဆွဲယူပြီး အတွင်းက Screw ဝင်ရိုးနဲ့ ဖိကြိတ်ပါလိမ့်မယ်။\u003c\/p\u003e\n\u003cp\u003eထိုအခါ စက်ရဲ့ ရှေ့ဘက်အောက်ခြေကနေ ဆီစစ်စစ်တွေ ကျလာမှာဖြစ်ပြီး၊ စက်ရဲ့ ထိပ်ဘက် အပေါက်ကနေတော့ ဆီညှစ်ပြီးသား အဖတ် (Oil Cake) တွေ လိပ်ပြီး ထွက်လာပါလိမ့်မယ်။\u003c\/p\u003e\n\u003cp\u003eအဆင့် (၅) ဆီကို အနယ်ထိုင်စေခြင်း\u003c\/p\u003e\n\u003cp\u003eထွက်လာတဲ့ ဆီပူပူကို ပုံး (သို့) ခွက်တစ်ခုထဲ ခံယူပြီးနောက် ဇကာနဲ့ တစ်ဆင့်စစ်ပါ။ ပြီးရင် (၁) ရက် သို့မဟုတ် (၂) ရက်ခန့် ငြိမ်ငြိမ်ထားပြီး အနယ်ထိုင်ခိုင်းလိုက်ရင် အိမ်သုံးဖို့ အဝါရောင်ဝင်းပပြီး အနံ့မွှေးတဲ့ သဘာဝဆီစစ်စစ်ကို ရရှိပါပြီ။\u003c\/p\u003e\n\u003cp\u003e💡 သတိပြုရန်နှင့် ထိန်းသိမ်းနည်း\u003cbr\u003eသန့်ရှင်းရေး: ကြိတ်လို့ ပြီးသွားတဲ့အခါ စက်ပိတ်၊ ပလတ်ပေါက်ဖြုတ်ပြီး စက်အေးသွားအောင် ခဏစောင့်ပါ။ ပြီးရင် အတွင်းက ကြိတ်တဲ့ Screw ဝင်ရိုးတံကို ဖြုတ်ပြီး ဆီဖတ်တွေ ပြောင်စင်အောင် ရေနွေး၊ ဆပ်ပြာနဲ့ သေချာ ဆေးကြောအခြောက်ခံရပါမယ် (မဆေးဘဲ ထားရင် နောက်တစ်ကြိမ် ကြိတ်တဲ့အခါ ဂျမ်းဖြစ်ပြီး စက်ညှပ်တတ်ပါတယ်)။\u003c\/p\u003e\n\u003cp\u003eမော်တာ အစိတ်အပိုင်း: စက်ရဲ့ Body တစ်ခုလုံးက Stainless Steel ဖြစ်ပေမဲ့ မော်တာပါတဲ့ စက်ကိုယ်ထည်ပိုင်းကိုတော့ ရေလောင်းချပြီး မဆေးရပါဘူး၊ အဝတ်စိုနဲ့ပဲ သုတ်ပေးရပါမယ်။\u003c\/p\u003e\n\u003cp\u003e50929 \u003c\/p\u003e\n\u003cp\u003e\u003cimg src=\"https:\/\/cdn.shopify.com\/s\/files\/1\/0737\/9320\/8578\/files\/51.png?v=1779961164\" alt=\"\"\u003e\u003cimg src=\"https:\/\/cdn.shopify.com\/s\/files\/1\/0737\/9320\/8578\/files\/O1CN01efSJN8216jrGxicMs__2207943186936-0-cib.jpg?v=1779961171\" alt=\"\"\u003e\u003cimg src=\"https:\/\/cdn.shopify.com\/s\/files\/1\/0576\/0296\/5676\/files\/lQLPIu8_A1KUzhvNBNnNAxawTTC6XnmaIlkKABFHGK_cAA_790_1241.png?v=1781233919\" alt=\"\"\u003e\u003c\/p\u003e","brand":"Migoo.OS","offers":[{"title":"Default Title","offer_id":48593852793064,"sku":"MH50929","price":958000.0,"currency_code":"MMK","in_stock":true}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0576\/0296\/5676\/files\/O1CN01efSJN8216jrGxicMs__2207943186936-0-cib.jpg?v=1780023807","url":"https:\/\/www.myanmar-abc.com\/products\/mh50929-2025-new-oil-press-machine","provider":"ABC.OS","version":"1.0","type":"link"}