MV07141 Car Door Lock Cover

SKU: MV07141-Black
MV07141 Car Door Lock Cover
MV07141 Car Door Lock Cover

MV07141 Car Door Lock Cover

SKU: MV07141-Black
Color
Packages
Regular price MMK29,800.00
/
Shipping calculated at checkout.
Only 100 items in stock!

 (7စုံ/28ခုပါဝင်ပါသည်) (7pairs - 28pcs)
👉Colour - Black🖤 / White🤍
👉Material - Silicone 
👉Application: Cars with door locks

🔑 ကားတံခါးတွေကို အသံကျယ်ကြီး "ဝုန်း..ဝုန်း!" ဆိုပြီးခနခနဆောင့်ပိတ်တာက အချိန်ကြာလာလို့ရှိရင် ကိုယ့်ကားတံခါးသော့နဲ့ လော့ခလောက်ကိုခနလေးအတွင်းပျက်စီးစေနိုင်ပါတယ်နော်။

🔑 အခုလိုမိုးရာသီမှာဆိုရင် မိုးရေထဲမှာကားမောင်းခြင်းနဲ့ အချိန်ကြာကြာကားရပ်ထားခြင်းကြောင့် တံခါးသော့တွေကိုသံချေးတက်စေနိုင်ပြီး တံခါးဖွင့်ခါနီးတိုင်း ကျပ်နေတာ၊ ခိုင်ခံ့မှုမရှိတော့ပဲချောင်နေတာတွေဖြစ်လာနိုင်ပါတယ်။

🚗 အဲ့ပြဿနာတွေကို ဖြေရှင်းပေးမို့ အရည်အသွေးမြင့် Siliconeစွပ် Car Door Lock Coverလေးတွေလာပါပြီရှင့်..။ 7စုံ/28ခုတောင်ပါဝင်ပြီး ကိုယ့်ကားရဲ့ သော့ခလောက်နေရာမှာ ကပ်ခွာလေးတွေကိုဖိကပ်လိုက်ရုံပါပဲ!

🚗 ဘယ်လိုကားအမျိုးအစားနဲ့မဆို တပ်လို့ရပြီး ရာသီဥတုဒဏ်၊အစိုဓာတ်၊ ဖုန်မှုန့်နဲ့ ပွန်းပဲ့မှုတွေကနေ ကာကွယ်ပေးလို့ လော့တွေရဲ့ သက်တမ်းကို သိသိသာသာ ရှည်ကြာစေပါမယ့်အပြင် ကားတံခါးပိတ်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ ဆူညံသံတွေကိုလျှော့ချပေးလို့ ကားအတွင်းခန်းကိုပိုမိုတိတ်ဆိတ်ငြိမ်သက်စေပါတယ်ရှင့်။

🛡️ Premium Qulity ဆီလီကွန်အသားလေးမို့ ပျော့ပြောင်းပြီး တာရှည်ခံတဲ့အပြင် ဘယ်လိုရာသီဥတုမှာမဆို ကောင်းကောင်းအသုံးခံနိုင်ပါတယ်နော်။ တံခါးသော့နဲ့ ခလောက်ကို ချောဆီသဖွယ်ကာကွယ်ပေးပြီး ပျက်စီးမှုကိုလျှော့ချပေးတဲ့ ပစ္စည်းကောင်းလေးပါရှင့်။

💛 ကားလော့ပျက်တိုင်း ဝပ်ရှော့ပို့ပို့နေတဲ့ကားဆရာတို့အတွက်ဆောင်ကိုဆောင်ထားသင့်တဲ့ပစ္စည်းဖြစ်ပြီး အချိန်မကုန်တော့ပဲ တပ်ဆင်ရလည်းအရမ်းလွယ်ကူတယ်။ အချိန်ခနလေးအတွင်း ကိုယ်တိုင်တပ်ဆင်လို့ရတာမို့ ပိုက်ဆံအများကြီးမကုန်တော့ပဲ သင့်ကားရဲ့တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်လိုက်တော့နော်။

 

07141 

 


Recently viewed